
သူငယ်ချင်းညီမ
ညလေပြေညှင်းက ဖြူငယ့်ဆံနွယ်ပျော့ပျော့များကို တိုးဝှေ့ဆော့ကစားသောအခါ ရှုပ်ထွေးနေသော စိတ်များ အနည်းငယ်ပြန်ကြည်လင်လာရသည်။ဖြူငယ့်ပထမနှစ်စာမေးပွဲက နီးနေပြီ။အခန်းအောင်းပြီး တချိန်လုံး စာ ကြည့်နေရသဖြင့် ခေါင်းတွေမူးကာ မကြည်မလင်ဖြစ်နေသော စိတ်များဖြေလျှော့ရန် ဝရံတာသို့ထွက်လာခြင်း ဖြစ်သည်။“ဖြူလေး မအိပ်သေးဘူးလား““ဟင်“ရုတ်တရက်အနီးကပ်ကြားလိုက်ရသောအသံကြောင့် ဖြူငယ်လန့်ဖြန့်ကာ ကိုယ်လုံးလေးပင် တုန်တက်သွားရသည်။“ကိုကြီး မင်းသစ် ဖြူစာကျက်ရင်းခေါင်းမူးလာလို့ ခနထွက်လာတာ““ညဉ့်နက်နေပြီ ဖြူလေးရဲ့ စာကိုနားနားနေနေလုပ်မှပေါ့“ဖြူငယ့်တစ်ကိုယ်လုံးကိုသိမ်းကျုံးစိုက်ကြည့်နေသောမျက်ဝန်းများကြောင့် ပါးပြင်တွင်ရှက်သွေးလေးများ […]