
ထိပ်ဆုံးရောက်ဖီလင်
ဒေါ်တင်မမ၏မျက်လုံးအကြည့်များကသူ့ရှေ့မှာထိုင်နေသည့် မျိုးမင်းသူ၏တစ်ကိုယ်လုံးဆီသို့ တရစ်ဝဲဝဲ ရောက်ရှိနေကြသည်။ မျိုးမင်းသူက အသက် ၃၀ ဝန်းကျင်အရွယ် သူမထက် ဆယ်နှစ်နီးပါးလောက် ငယ်ပြီး တောင့်တင်းကြံ့ခိုင်သော ကိုယ်လုံးကိုယ်ထည်နှင့် အားကစားလိုက်စားသူတစ်ယောက်၏ ကိုယ်ခန္ဓာ အဆက်အပေါက်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အသားဖြူဖြူ အရပ်အမောင်းမြင့်မားပြီး ကုတ်ထောက်နေသောဆံပင်ကို ပိုနီတေးပုံစံ စည်းနှောင်ထားကာ စနစ်တကျ ရိတ်သင်ထားသည့် နှုတ်ခမ်းမွေးရေးရေး […]